ရက်ပိုင်းအတွင်း ငွေ၀င်စေသော ယတြာ
ဘီစကစ် ၃ ချပ်ပေါ်တွင် ဖယောင်းတိုင် ၃ တိုင်ထွန်းပါ။ (ဘုရားကျောင်းဆောင်ပေါ်တွင် မဟုတ်ပါ။ သီးသန့်စားပွဲ ၁ လုံးဖြင့်လုပ်ပါ)
အောက်က ဒိဝါတပတိဂါထာတော်ကို ၁၈ ခေါက်ရွတ်ပါ။
မိမိငွေကြေး အခက်အခဲကို ဆုတောင်းပါ။
ရွတ်ပြီးလျင် ချက်ချင်း ဖယောင်းတိုင်များကို ယပ်တောင်ဖြင့်ခတ်၍ မီးငြိမ်းပါ။
ဖယောင်းတိုင်နှင့် ဘီစကစ်များကို အမှိုက်ပုံတွင် စွန့်ပါ။
ပြုလုပ်ရမည့်အချိန်မှာ မည်သည့်နေ့တွင်မဆို
နံနက် ၅ နာရီ ၄၅ မိနစ် ဖြစ်ပါတယ်။
(ဘီစကစ်က ပုံတွင်ပြထားသလိုလေးထောင့်ပုံစံမဟုတ်ဘဲ အဝိုင်းပုံဘီစကစ်ဖြင့်လည်း ပြုလုပ်၍ ရပါတယ်)
ဒေါ်သဇင်ထွန်း (ဗေဒင်နှင့် ယတြာ)