Skip to main content

ကျောက်တည်နေသူများအတွက် ကျောက်ကြေနည်း (၁၃) နည်း

ကျောက်တည်နေသူများအတွက် ကျောက်ကြေနည်း (၁၃) နည်းကို တင်ပြပေးလိုက်ပါတယ်

၁။ ကျောက်ကွဲရွက်ကို အခြာက်လှန်း လဖက်ခြောက်လို ခပ်သောက်…။ အရွက်စိုကို ထမင်းနဲ့ အတို့မြုပ်လို လုပ်စား။ ၁၀ ရက် စွဲသောက်။ သဲခြေကျောက်တောင် ပျောက်တယ်။

၂။ အုန်းသီးစိမ်းထဲကို ငရုတ်ကောင်းမှုန့် ထည့်ပြီး စားပါ။ သောက်ပေးပါ။

၃။ ကျောက်ဖရုံသီးကို ခြစ်ယူပြီး သကြားလေး နည်းနည်းထည့် အရည်ကို ညှစ်ပြီးသောက်ရင် ပျောက်ပါတယ်။

၄။ ကိုယ်တွေ့ပါ…။ တပင်တိုင်မြနန်းဆေးကို သောက်ပါ။ ကျောက်ကြွေသွားပါလိမ့်မည်။

၅။ ဖလံတောင်ဝှေးနှင့် ရေကြက်ချက်စားရင် ပျောက်ပါတယ်။

၆။ သံမနိုင် ကျောက်မနိုင်ပင် ပြုတ်သောက်လည်း ရပါတယ်။

၇။ ကျွဲနှာခေါင်းချိတ်ပင်ကို ဆန်ဆေးရည်နဲ့ ပျစ်ပျစ်သွေးတစ်နေ့ နှစ်ကြိမ်သောက် ဆီးကျောက်ပျော်ကျပါတယ်။

၈။ သည်းခြေအိတ်မှာ ကျောက်တည်တာဆို… ပန်းသီးစားတဲ့နည်းသုံးပါ။ လက်တွေ့ပျောက်ခဲ့ဘူးတာပါ။ ဆေးနည်း မသိခဲ့ရင် ပြောပေးပါမယ်….။ ပန်းသီးကို တစ်နေ့
၅ လုံး ၆ လုံး စားပါ ၆ ရက်ဆက်တိုက်စားပါ။ ၆ ရက်မြောက်နေ့မှာ ညစာမစားဘဲ ညနေ ၆ နာရီမှာ ဆားခါး (ဆေးဆိုင်တွေမှာရပါတယ်) တစ်ဇွန်းသောက်ပါ။ ည ၈ နာရီမှာ ဆားခါး တစ်ဇွန်းထပ်သောက်ပါ။ ည ၁၀ နာရီမှာ သံလွင်ဆီ / နှမ်းဆီ လက်ဘက်ရည်ပန်းကန် အသေးတစ်လုံးစာ သောက်ပါ။ ဝမ်းသွားပါမယ်။ ဝမ်းထဲမှာ ကျောက်ကြေတွေ ပါသွားပါတယ်။

ကျောက်ကြီးရင် ၂ ခါ ၃ ခါလောက်လုပ်ပါ။ တကယ်ပျောက်ပါတယ်။ လက်တွေ့ပါ။ နိုင်ငံခြား ဆေးခန်းတစ်ခုမှာပြတော့ ကျောက်ကကြီးနေပြီမို့ တစ်ပတ်အတွင်း ခွဲခိုင်းတာပါ။ ပန်းသီးနည်းတွေ့ပြီး စားကြည့်ရာက သက်သာသွားတာပါ။

၉။ ဆီးလမ်းကြောင်း ကျောက်တည်ပျောက်ဆေးနည်း (ကျောက်ကပ်တွင် ကျောက်တည်ပါက ဤနည်းနှင့် မဆိုင်ပါ) အုန်းသီး(ဇွန်းခြစ်)ကို အဝလှပ်ပါ ။ ယမ်းစိမ်း(ငရုတ်ကောင်းတစ်စေ့ခန့်) အမှုန့် ကြိတ်ပြီး အုန်းသီးထဲ ထည့်ပါ။ နာရီဝက်ထားပါ။

ပြီးလျှင် အရည် အဖတ် အကုန်စားပါ။ တစ်နေ့ ၁ ကြိမ် သောက်ပါ။ ကျောက်ကြီးလျှင် ၃ ရက် သောက်ပါ။ ယုံကြည် စိတ်ချစွာသောက်ပါ။ ကျွန်တော့်သူငယ်ချင်း လက်တွေ့ပျောက်၍ သူ့အားမေးပြီး တင်ပြခြင်း ဖြစ်ပါသည်။

၁၀။ ဆီးကျောက်တည်တာဆို ကြက်သွန်နီ အကွင်းလိုက်လှီးပြီး သကြားနဲ့ ရေတဖန်ခွက် စိမ်သောက်ပါ။

၁၁။ ဝက်သားနဲ့ ဗေဒါရွက် ချက်စား။ ငါးပြေမနဲ့ စောင်းလျားသီး ချက်စားပါ။ လက်တွေ့ပါ။

၁၂။ ငါးပုံသားကျောက်ကို မီးဖုတ်ပြီး အမူတ်ကြိတ်ပြီးသောက်။ ပြီးရင် အုန်းရည်သောက်ရပါတယ်။

၁၃။ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ် ကျောက်တည်တာဆိုရင် ကျောက်ဖရုံသီးကို သင်္ဘောသီးခြစ်နဲ့ ခြစ်ပြီး အရည်ကို ညစ်သောက်ပါ။ မနက်တစ်စိပ် ညနေတစ်စိပ် သောက်ပါ။ တစ်လုံးကို နှစ်ရက် သောက်လို့ရပါတယ်။ 

ကျောက်ဖရုံရည်က အရသာဆိုးပါတယ်။ သောက်ခါစ အကျင့်မရခင်မှာ အရည်သောက်ပြီးလျှင် သကြား၊ ထန်း လျက် စသဖြင့် အနည်းငယ်စားပြီး ခံတွင်းအရသာဆိုးတာကို ဖြေနိုင်ပါတယ် .

ကိုယ်တွေ့မို ပြောပြလိုက်တာပါ။ ကျောက်ကြွေတဲ့အထိသောက်ရပါမယ်။ ကျောက်ကြွေတဲ့အခါ ဆီးနောက်ပါတယ်။ အမျိုးသားဆိုပါက ဆီးလမ်းကြောင်း ကျဉ်းတာမို့ ကျောက်ကြွေချိန် ဆီးလမ်းကြောင်း နာကျဉ်တတ်ပါတယ်။

Credit : Original Writer